“သဘာဝဘေးဒဏ်က ရှောင်လွှဲလို့ မရဘူး၊ စစ်တပ်ဘေးဒဏ်က ရှောင်လွှဲလို့ရနိုင်တယ်”- ဒေါက်တာမီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)(၅- ၄- ၂၀၂၅)“သဘာဝဘေးဒဏ်ကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် စစ်တပ်ရဲ့ဘေးဒဏ်ကိုတော့ ရှောင်လွှဲလို့ရနိုင်တယ်၊ စစ်တပ်အုပ်ချုပ်နေသမျှ လူတွေမသေသင့်ပဲ ဆက်သေမယ်၊ ဆက်ဒုက္ခရောက်မယ်၊ ဒါကြောင့် ဒီစစ်တပ် အုပ်ချုပ်ရေးနေရာက ဆင်းသွားအောင် လူထုတရပ်လုံးက တော်လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။ငလျင်ဘေး နောက်ဆက်တွဲအဖြစ် စစ်တပ်က အပစ်ရပ်ကြောင်းကြေညာပြီးမှ ဗုံးဆက်ကြဲနေတာ၊ ထိုးစစ်လုပ်နေတာ၊ နိုင်ငံတကာကယ်ဆယ်ရေးပစ္စည်းတွေကို လူထုဆီမရောက်အောင် တားဆီးနေတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။အခု ထုတ်လွှင့်မယ့် မေးမြန်းချက်...