Friday, April 26, 2024

“မုံရွာမြို့ရှိ (နမခ) ကို ရှေ့ာ့တိုက်ဒုံးတွေနဲ့တိုက်ခိုက်... မိုးမောက်နဲ...


“မုံရွာမြို့ရှိ (နမခ) ကို ရှေ့ာ့တိုက်ဒုံးတွေနဲ့တိုက်ခိုက်... မိုးမောက်နဲ့ ဆင်ဘိုမှာ တိုက်ပွဲဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၇- ၄- ၂၀၂၄)

ကရင်ပြည်နယ်၊ ဖာပွန်မြိုံရှိ ခမရ (၄၃၄) တပ်ရင်း သိမ်းပိုက်မှုကို တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ- ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်စစ်ဆင်ရေးကို မတ်လ (၁၉) မှာ စတင်ခဲ့ပြီး မတ်လ (၂၄) မှာ ရဲစခန်းနဲ့ကင်းစခန်းတွေကို သိမ်းတယ်။ (၂၆)မှာ ဖာပွန်မြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မတ်လ (၃၀) မှာတော့ ဖာပွန်မြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းကို သိမ်းပိုက်ခဲ့ပါတယ်။

အခု ဧပြီ ၂၅ မှာတော့ ခမရ (၄၃၄) တပ်ရင်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဖာပွန်စစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ(JOC) ကွပ်ကဲမှုနဲ့ ဆက်လက်ဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မကွေးတိုင်း၊ ဆိတ်ဖြူမြိုနယ်ရှိ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) အမှတ် ၂၁ ကို ရှေ့ာ့တိုက် ဒုံးနဲ့တိုက်ခိုက်တဲ့ ဗီဒီယို မှတ်တမ်းထွက်လာ...

- မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေးတပ်တွေက ရှေ့ာ့တိုက်ဒုံးတွေနဲ့ပစ်ပြီး ဒရုန်းတွေနဲ့ ဗုံးကြဲ...

- ရခိုင်ပြည်နယ်မှာတော့ ဘူးသီးတောင်နဲ့ မောင်တောမြိုနယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တယ်လို့ AA အာရက္ခတပ်တော်က ကြေညာ...

- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးတိုက်နယ် ဆေးရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးရှိ...

- ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့ ဆင်ဘိုမြို့မှာ တိုက်ပွဲဖြစ်နေ...

- KIO/ KIA ဌာနချုပ် လိုင်ဇာမြို့သို့ ဝင်ပေါက်ဂိတ်ဖွင့်ပွဲကို မနေ့က ကျင်းပ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ဗျုဟာပိုင်းကို စဉ်းစားတဲ့အခါ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်ဓတ်ထိခိုက်နိုင...


“ဗျုဟာပိုင်းကို စဉ်းစားတဲ့အခါ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်ဓတ်ထိခိုက်နိုင်မှုကိုပါ ထည့်စဉ်းစားဖို့လိုပါတယ်” 

- လင်းထက်အောင် (CDM- တပ်မတော်အရာရှိ)

(၂၆- ၄- ၂၀၂၄)

“မြဝတီ-သင်္ကန်းညီနောင်တိုက်ပွဲတွေမှာ တော်လှန်ရေး ရဲဘော်တွေရဲ့ စိတ်ဓာတ်က အမြင့်ဆုံးကိုရောက်နေတယ်။ အခု မြဝတီကနေခွာတော့ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်ဓာတ်ကို ထိခိုက်နိုင်ပါတယ်၊ ဒါကို ဗျုဟာဆွဲသူတွေ ထည့်စဉ်းစားဖို့လိုပါတယ်” လို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

မြဝတီတိုက်ပွဲနောက်ဆုံးအခြေအနေ၊ စစ်တပ်ရဲ့ဝါဒဖြန်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မြဝတီကနေ ခွာလိုက်ခြင်းက စစ်ကောင်စီအတွက် ဝါဒဖြန့်စရာဖြစ်သွားခဲ့သလား...

- မြဝတီပတ်လည် တောင်ကုန်းတွေကို တော်လှန်ရေးတပ်တွေက ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်သလဲ...

- BGF/ KNA က ဘာကြောင့် စစ်တပ်ကို ပြန်မလှန်ရဲ ဖြစ်နေတာလဲ...

- စစ်တပ်အတွင်း အကွဲအပြဲတွေဖြစ်နေတယ်ဆိုတာက ဘယ်လောက်မှန်ကန်မှုရှိသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဗုဒ္ဓဟူးနေ့ ညပိုင်းက မေးမြန်းထားချက်ဖြစ်ပါတယ်။ အရေးပေါ်သတင်းတွေကြောင့် ဒီနေ့မှ ထုတ်လွှင့်နိုင်တာဖြစ်ပါကြောင်း)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, April 25, 2024

“ဖာပွန်က ခမရ (၄၃၄) ကို KNLA သိမ်းပိုက်... မြင်းခြံက ကုက္ကဲ ရဲစခန်းကို PL...


“ဖာပွန်က ခမရ (၄၃၄) ကို KNLA သိမ်းပိုက်... မြင်းခြံက ကုက္ကဲ ရဲစခန်းကို PLA ဝင်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၆- ၄- ၂၀၂၄)

ကရင်ပြည်နယ်၊ ဖာပွန်အခြေစိုက် ခမရ (၄၃၄) တပ်ရင်းကို (KNLA) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက မနေ့က တရက်တည်းနဲ့ အပြီး သိမ်းပိုက်လိုက်ပြီလို့ KNLA- တပ်မဟာ ၅ နဲ့ မဟာမိတ်တွေက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ ၊ မနက် ၄ နာရီမှာ ထိုးစစ်စတင်ပြီး နာရီပိုင်းအတွင်းမှာတင် စခန်းတခုလုံးကို သိမ်းနိုင်ခဲ့တယ်၊ လက်နက်ကြီး- လက်နက်ငယ်များစွာသိမ်းမိတယ်။ လောလောဆယ် ရေတွက်နေဆဲဖြစ်တယ်လု့ိ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ KNLA/နဲ့ KNDO၊ ပြည့်သူ့ကာကွယ်ရေးတပ်-PDF နဲ့ ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော်-BPLA တို့ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့သီတင်းပတ်တွေအတွင်း ဖာပွန်ရှိ ခလရ (၁၉)၊ ခမရ (၄၃၄)၊ စစန (၆၄၂) တပ်ရင်း ၃ ခုကိုတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ပြီးနောက် အခု ၄ ခုမြောက်တပ်ရင်းကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- မွန်ပြည်နယ်၊ ရေးမြိုနယ်၊ ခေါဇာမြိုနယ်ခွဲအတွင်းမှာ စစ်မှုထမ်းဥပဒေအတွက် တပ်သားစုဆောင်းနေပေးနေသူ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်ခေါင်းဆောင်ထံက လက်နက်ခဲယမ်းတွေကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သိမ်းဆည်း...

- မြင်းခြံမြို့နယ် ၊ ကုက္ကဲ ရဲစခန်းအတွင်း အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ်တလက် သိမ်းမိ...

- ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ PDF တပ်ဖွဲ့က သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲ ကျင်းပ...

- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီ ဂျက်ဖိုက်တာက မနေ့ည ၈ နာရီမှာ ဗုံးကြဲတဲ့အတွက် ဆေးကုသမှုခံယူနေရသူ လူနာ ၂ ဦးသေဆုံးပြီး အချို့ဒဏ်ရာရ... 

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

TSN One Final 025 A “နွေဦးတော်လှန်ရေးတခုလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မြဝတီ...


“နွေဦးတော်လှန်ရေးတခုလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မြဝတီက ဇီးရွက်လောက်ပဲ ရှိတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၅-၄-၂၀၂၄)

“ကရင်အဖွဲ့တွေကြား ရပ်တည်ချက် မပြတ်သားတဲ့အတွက် မြဝတီတိုက်ပွဲမှာ ရှုပ်ထွေးမှုအချို့ရှိခဲ့ပေမယ့် တနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးအရှိန်အဟုန်နဲ့ နိုှင်းယှဉ်ရင် ဒါဟာ ဇီးရွက်လောက်ပဲရှိတဲ့ ပြသာသနာတခုသာဖြစ်တယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့စဉ်းစားပြီး စစ်ကောင်စီပြိုနေစဉ်မှာ တော်လှန်ရေးကို အရှိန်မြှင့်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြဝတီရှိ ခလရ (၂၇၅)ကို သိမ်းပိုက်ပြီးမှ တော်လှန်ရေးတပ်တွေဖက်က ပြန်ဆုတ်ပေးလိုက်ရတဲ့အပေါ် အများပြည်သူကြားမှာ ထင်မြင်ချက်အမျိုးမျိုးပြောဆိုနေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မြဝတီတိုက်ပွဲ ဘာကြောင့် အရှုပ်အထွေးများနေသလဲ...

- မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေးက ဘာကြောင့်အရေးပါနေသလဲ...

- မြဝတီအပြင် တနိုင်ငံလုံးရဲ့ တော်လှန်ရေးအရှိန်အဟုန်က ဘယ်လိုရှိသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီအတွင်း သဘောထားကွဲမှုတွေ၊ အဖမ်းအဆီးတွေရှိနေတယ်ဆိုတာ ကတယ်လား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, April 24, 2024

မြဝတီအခြေအနေနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီ ရှင်းလင်း...


မြဝတီအခြေအနေနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီ ရှင်းလင်း... (၂၄- ၄- ၂၀၂၄) ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်မြို့မှာ အခုရက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက မီဒီယာတွေကို အသံဖွိုင်နဲ့ ရှင်းလင်းပြထားပါတယ်။ ဒါ့အပြင် ခလရ ၂၇၅ တခုကိုသာ ခွာလိုက်တာဖြစ်ပြီး သင်္ကန်းညီနောင်က ဗျုဟာကုန်းနဲ့ တပ်ရင်း ၃ ခုအပါဝင် ဗျုဟာအရအရေးပါတဲ့ နေရာတွေအားလုံမှာ တော်လှန်ရေးတပ်တွေရှိနပါတယ်။ လူထုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ BNN ကို ပြောထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

“ဖားကန့်က ဆယ်ဇင်းစခန်းကို KIA သိမ်းပိုက်... မြင်းခြံက ပျု စခန်းကို PDF ...



“ဖားကန့်က ဆယ်ဇင်းစခန်းကို KIA သိမ်းပိုက်...  မြင်းခြံက ပျု စခန်းကို PDF သိမ်းပိုက် ...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၅- ၄- ၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ယ်၊ ဆယ်ဇင်းကျေးရွာရှိ ခ.မ.ရ (၁၁၆) တပ်စခန်းကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ဧပြီ ၂၃ ညမှာ သိမ်းပိုက်လိုက်ပြီလို့ KNG Kachin News Group က ဖေါ်ပြပါတယ်။

ဧပြီ ၂၀ မှာ စတင်ထိုးစစ်ဆင်ပြီး ၄ ရက်အကြာ ဧပြီ ၂၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီ အင်အား ၈၀ ခန့်ဟာ စခန်းစွန့်ထွက်ပြေးသွားတဲ့အတွက် KIA က နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင်...

- တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ခလရ ၂၇၅ တပ်ရင်းနေရာကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာလိုက်ခြင်းဟာ စစ်ကောင်စီရဲ့ထောင်ချောက်ထဲ မကျရောက်စေရေးအတွက် ဖြစ်တယ်လို့ KNU ကရင့်အမျိုးသားအစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြား...

- ထားဝယ်ခရိုင်၊ မေတ္တာမြိုနယ် ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေး ဂိတ်အနီးရှိ မောထာ-စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်က သိမ်းပိုက်...

- မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်ကောင်စီနဲ့ ပျုစောထီးပူးတွဲစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၁၅ ဦးသေ၊ ၅ ဦး ဖမ်းမိ၊ လက်နက်အချို့ရရှိ...

- ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခြင်း၊ နှစ် (၆၀) ပြည့်အခမ်းအနားကို ဧပြီလ (၂၄) က  ရှမ်းပြည်တိုးတက်ရေးပါတီ -ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟို ဌာနချုပ်မှာ ကျင်းပပြီး အာရက္ခတပ်တော် (AA) ဒုစစ်ဦးစီးချုပ် တက်ရောက်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More