Thursday, March 27, 2025

အင်္ဂပူမြို့နယ်အနီးအထိ AA ရဲ့ ထိုးစစ်ရောက်လာ... ရန်ကုန်-မန္တလေး ကားလမ်းမ...

အင်္ဂပူမြို့နယ်အနီးအထိ AA ရဲ့ ထိုးစစ်ရောက်လာ... ရန်ကုန်-မန္တလေး ကားလမ်းမပေါ် PDF တပ်တွေ လုံခြုံရေးစစ်ဆေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...၂၈ မတ် ၂၀၂၅ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အနီးအထိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ် ရောက်လာပြီး အမှတ် ၅ တပ်မတော် တန်းမြင့် လေ့ကျင်ရေး သင်တန်းကျောင်းအနီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဧရာဝတီတိုင်းမ်က ဖော်ပြပါတယ်။ဒီသင်တန်းကျောင်းနဲ့ သိပ်မဝေးတဲ့ ပိန္နဲကွင်း ရွာက ဒေသခံတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စစ်ပွဲတွေက ထင်ထားတာထက် အများကြီးာစောပြီး ရောက်လာတယ်လို့ ပိန္နဲကွင်း ရွာက ဆရာတော်တပါးက လူမှုကွန်ရက်မှာ ရေးပါတယ်။ကွင်းကောက် မြို့ ဝန်းကျင်ရှိ ပိန္နဲကွင်း၊ ခင်ကိုက်ကွင်း၊ ကြက်ပေါင်ကုန်း၊ သံပုရာကုန်း၊ စာစီကုန်း၊ တောင်ဇင်း စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီး လက်နက်ငယ် အသံမျိုးစုံ ကြားနေရတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။ဒါ့အပြင်...-...

“မြေလတ်နဲ့ အညာဒေသမှာ ချေမှုန်းရေးတိုက်ပွဲတွေ မြင်လာရတာက ထူးခြားတဲ့ တိုးတ...

“မြေလတ်နဲ့ အညာဒေသမှာ ချေမှုန်းရေးတိုက်ပွဲတွေ မြင်လာရတာက ထူးခြားတဲ့ တိုးတက်မှုဖြစ်ပါတယ်”- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)(၂၇- ၃- ၂၀၂၅)“၂၀၂၅ နှစ်ဦးပိုင်းမှာ တော်လှန်ရေးအင်အားစုတွေဖက်က မြို့သိမ်းတိုက်ပွဲနည်းသွားပေမယ့် နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ စစ်နယ်မြေ မြေလတ်နဲ့အညာဒေသမှာ ချေမှုန်းရေးတိုက်ပွဲတွေ မြင်လာရတာက ထူးခြားတဲ့ တိုးတက်မှုဖြစ်ပါတယ်”လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။နှစ် ၈၀ ကာလအတွင်း တပ်မတော်ရဲ့ ပြိုကျပျက်စီးမှု၊ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ တိုးတက်အောင်မြင်မှုတွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။အခု ထုတ်လွှင်မယ့် မေးမြန်းချက် ဒုတယိ ပိုင်းမှာ...- လားရှိုးအနာဂတ်နဲပတ်သက်ပြီး MNDAA နဲ့ စစ်ကောင်စီကြား ဆွေးနွေးမှုအဆင်မပြေရင် UWSA က ကြားဝင်ပေးနိုင်သလား...- မြေလတ်နဲ့ အညာဒေသဟာ နွေဦးတော်လှန်ရေးအဆုံးအဖြတ်ပေးမယ့်...

Wednesday, March 26, 2025

“စစ်တပ်ကို အချိန်သွားပေးလို့မရဘူး။ AA ကတိုက်သလိုမျိုး တချိန်လုံး စစ်ရှိန...

“စစ်တပ်ကို အချိန်သွားပေးလို့မရဘူး။ AA ကတိုက်သလိုမျိုး တချိန်လုံး စစ်ရှိန်တင်ထားဖို့ လိုပါတယ်”- လင်းထက်အောင် (CDM - ဗိုလ်ကြီး)(၂၇ - ၃ - ၂၀၂၅)“စစ်တပ်ကို အချိန်သွားပေးလို့မရဘူး၊ AA ကတိုက်သလိုမျိုး တချိန်လုံး စစ်ရှိန်တင်ထားဖို့ လိုပါတယ်၊ အရေးကြီးနေရာတွေကို သိမ်းပြီးပြီပဲ၊ ကျန်တာနောက်မှသိမ်းမယ်ဆိုပြီး စစ်နားနေလို့မရဘူး” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ဒီနေ့ ကျရောက်တဲ့ နှစ် ၈၀ ပြည့်မှာ လက်ရှိ မြန်မာစစ်တပ်ရဲ့ အခြေအနေ၊ တောင်ခမ်းဖက်မှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...- ဒီညနေကျင်းပမယ့် နှစ် ၈၀ ပြည့် တပ်မတော်နေ့ ဘာတွေ ထူးခြားနိုင်သလဲ...- တပ်မတော်နေ့ကျင်းပမှုကနေ စစ်ရှုံးစစ်သားတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ခြေရှိသလား...- လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်း စစ်ကောင်စီတပ် ဘယ်လောက်အထိ...

ခလယ့်ဒေး စခန်းကို KNLA သိမ်းပိုက်... တောင်ခမ်းဖက်မှာ စစ်ကောင်စီတပ် ရှေ့တ...

ခလယ့်ဒေး စခန်းကို KNLA သိမ်းပိုက်... တောင်ခမ်းဖက်မှာ စစ်ကောင်စီတပ် ရှေ့တိုးလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...၂၇ မတ် ၂၀၂၅ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ ခလယ့်ဒေး စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က မတ်လ ၂၅ မှာ သိမ်းပိုက်လိုက်ပြီး လက်နက်များစွာ ရရှိတယ်လို့ ကရင်အမျိုးသားအသည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ထဲက ဒီစခန်းကို မတ်လ ၂၂ ရက်မှာ စတင်တိုက်ခိုက်ပြီး စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ Y-12 နဲ့ ဗုံး ၃၆ လုံး ကြဲချနေတဲ့ကြားက သိမ်းလိုက်တာလို့ ဆိုပါတယ်။နယ်မြေရှင်းတဲ့အခါ စစ်သားအလောင်း အချို့၊ ၆၀ မမ စိန်ပြောင်း ၂ လက်၊ ပွိုင့် ၅ စက်သေနတ်ကြီး တစ်လက်၊ RPG-7 ပခုံးထမါဍ်ူလောင်ချာ တလက် အပါအဝင် လက်နက်မျိုးစုံ ၁၀ လက် နီးပါးနဲ့ ခဲယမ်းများစွာ သိမ်းမိတာကို ဗီဒီယို မှတ်တမ်းထဲ တွေ့ရပါတယ်။ဒီစခန်းကို ၁၉၈၉၊ စက်တင်ဘာ ၂၂ မှာ စစ်တပ်က...

“သမိုင်းတရားခံတွေက သမိုင်းရဲ့အသီးအပွင့်တွေကို ခိုးယူစားသုံးလိုက်တာပဲ”

“သမိုင်းတရားခံတွေက သမိုင်းရဲ့အသီးအပွင့်တွေကို ခိုးယူစားသုံးလိုက်တာပဲ”- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)(၂၆- ၃- ၂၀၂၅)“ဆက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းလိုက်တာဟာ သမိုင်းတရားခံတွေက သမိုင်းရဲ့အသီးအပွင့်တွေကို ခိုးယူစားသုံးလိုက်တာ ဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။မနက်ဖန်ကျင်းမယ့် နှစ် ၈၀ ပြည့် တပ်မတော်နေ့ရဲ့ နောက်ခံအချက်အလက်တွေ၊ ရှေ့အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။အခု ထုတ်လွှင်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...- ဖက်ဆစ်တော်လှန်းရေးနေ့ကို ဘာကြောင့် တပ်မတော်နေ့အဖြစ် ပြောင်းလိုက်တာလဲ...- ဒီနှစ် တပ်မတော်နေ့ ဘာတွေထူးခြားနိုင်သလဲ...- နွေဦးတော်လှန်ရေး ၄ နှစ်တာအတွင်း တပ်မတော် ဘယ်လောက်အထိ ပြိုကျ ပျက်စီးသွားသလဲ...- တရုတ်ကိုဆရာတင်တဲ့ ရှမ်းမြောက်က ဆွေးနွေးပွဲတွေဟာ စစ်ကောင်စီအလိုတော်အတိုင်း...

Tuesday, March 25, 2025

ထားဝယ် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ခလယ်ဒေးစခန်းကို KNLA သိမ်းပိုက်...

ထားဝယ်တိုက်ပွဲ စစ်ကောင်စီ အထိနာ... ခလယ်ဒေးစခန်းကို KNLA သိမ်းပိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...၂၆ မတ် ၂၀၂၅တနင်္သာရီတိုင်း၊ ထားဝယ်-ရေဖြူ လမ်းပေါ် ကင်းလှည့်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၂၀ ခန့် သေပြီး လက်နက် ၅ လက် ရရှိတယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။အဲဒီစစ်ကြောင်း ညင်းထွေးနဲ့ ကျောက်ကညှာရွာအကြား မတ်လ ၂၄၊ မနက် ၉ နာရီခန့်မှာရောက်လာစဉ် အနီးကပ် ချေမှုန်းတာလို့ ဆိုပါတယ်။ အနီးဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးပစ်ကူအပြင် Paramotor စက်တပ် လေစီးနဲ့ပါ ပစ်ကူပေးတယ်လို့ ဖော်ပြပါတယ်။နယ်မြေရှင်းတဲ့အခါ ဗိုလ်မှူးတဦး အပါအဝင် စစ်သား ၂၀ ခန့် သေဆုံး၊ RPG လောင်ချာ အပါအဝင် လက်နက်မျိုးစုံ ၅ လက်နဲ့ ခဲယမ်းတွေသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။ဒီစစ်ဆင်ရေးကို ဒူရက စစ်ကြောင်းက ဦးဆောင်ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နဲ့...

Pages 381234 »

Share

Twitter Delicious Facebook Digg Stumbleupon Favorites More